• お気に入り
  • 2もぐもぐ!
  • リスナップ
手料理
  • 2017/07/15
  • 48

ချဉ်ငံစပ်ငါးကချင်ချက် #

レシピ
材料・調味料
ငါးရံ့၃၀သား
၁ကောင်
ကြက်သွန်နီ
၁ ဥနုတ်နုတ်စင်း
ကြက်သွန်ဖြူ
၅ တက် နုတ်နုတ်စင်း
ခရမ်းချဉ်သီး
၁ လုံး နုတ်နုတ်စင်း
သံပုရာသီး
၃ စိပ်ခန့်
ပင်စိမ်း
ကြိုက်သလောက်
ရှမ်းနံနံ
ကြိုက်သလောက်
ငရုပ်သီးစိမ်း
၅ တောင့်စင်းထား
ဆီ
၂ စားပွဲဇွန်းခန့်
ဆား
အနည်းငယ်
ဆနွင်း
optional
作り方
0
#ငါးရံ့ကို သန့်ရှင်းရေးလုပ်ပြီး ချိုငံဆား သံပုရာရည် ဆနွင်းအနည်းငယ်နဲ့ အရသာဝင်အောင်နှပ်ထားပါ...
#ဒယ်အိုးထဲဆီ ၂ ဇွန်းခန့်ထည့် အဆင်သင့်ပြင်ထားတဲ့ ကြက်သွန်နီ ဖြူ ကိုဆီသတ် အရောင်လှချင်ရင် ဆနွင်းနဲ့ ငရုပ်အရောင်တင် နဲနဲထည့် ငရုပ်သီးစိမ်းထည့် ပြီး ခရမ်းချဉ်သီးထည့်ပါ
#ခရမ်းချဉ်သီး အနည်းငယ်လိပ်တက်လာရင် နှပ်ထားတဲ့ငါးကိုထည့်ပါ အနည်းငယ် သမအောင် မွှေလိုက်ပါ
#ငါးနဲနဲ အပေါ်ကြောတင်းလာလျှင် ရေနဲနဲထည့်ပါ ရှမ်းနံနံ ပင်စိမ်းများထည့်ပြီး အဖုံးအုပ်ထားပါ
#အရည်ဆူပွက်လာလျှင် အရသာ အပေါ့အငံမြည်းပါ
#အရည်စပ်စပ်ကြိုက်လျှင် ရေထပ်ထည့်၍အုပ်ထားပါ
#အနံ့မွှေးလာရင် စားလို့ရပါပြီ ,,,,❤❤❤
みんなの投稿 (0)
まだ質問やメッセージはありません。
もぐもぐ! (2)